Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 4, 2013

ရင်ထဲက ရုပ်ရှင်

Nine Nine Sanay @ နိုင်းနိုင်းစနေ
ရင်ထဲက ရုပ်ရှင်
___________

၁၉၇၈ခုနှစ်က အမေရိကန် Illinoisတက္ကသိုလ်မှာ ရုပ်ရှင်ပြဇာတ်ဘာသာကို ကျွန်တော်သွားရောက်သင်ယူဖို့ပြင်ဆင်တော့ ကျွန်တော့်ဖခင်က ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ ဖခင်က ကျွန်တော်ကို အမေရိကန် Broadwayမှာ နှစ်စဉ်ဇာတ်ကောင် ၂ဝဝအတွက်ပဲ နေရာရှိတယ်။ ဒီနေရာ၂ဝဝအတွက် လူငါးသောင်းက ယှဉ်ပြိုင်လုယူကြရတယ်လို့ ကိန်းဂဏန်းတစ်ခု တွက်ချက်ပြခဲ့တယ်။ ဖခင်ရဲ့စကားကိုဆန့်ကျင်ပြီး ကျွန်တော်တစ်ယောက်တည်း အမေရိကန်သွားမယ့် လေယာဉ်ပေါ်တက်ခဲ့ပါတယ်။
အဲဒီအချိန်ကစ ဖခင်နဲ့ကျွန်တော်ရဲ့ဆက်ဆံရေး ဆိုးဝါးခဲ့တယ်။ နှစ်၂ဝအတွင်း ဖခင်နဲ့ကျွန်တော်ပြောတဲ့စကား အခွန်း ၁ဝဝ မကျော်ခဲ့ပါဘူး။

နှစ်အတန်ကြာမှာ ရုပ်ရှင်အနုပညာကျောင်းကနေ ကျွန်တော်ကျောင်းပြီးမှ ဖခင်ရဲ့ပူပင်သောကကို ကျွန်တော်သဘောပေါက် နားလည်ခဲ့တယ်။ အမေရိကန်ရုပ်ရှင်လောကမှာ ဘာကျောထောက်နောက်ခံမှမရှိတဲ့ ကျွန်တော့်လိုလူမျိုးခြားတစ်ယောက်အတွက် နာမည်ရဖို့၊ နေရာရဖို့ အရမ်းခက်ခဲခဲ့တယ်။ ၁၉၈၃ခုနှစ်ကစပြီး ၆နှစ်လုံးလုံး မျှော်လင့်ချက်မဲ့စွာနဲ့ ကျွန်တော်စောင့်ဆိုင်းခဲ့ရတယ်။ တချို့အချိန်တွေမှာ ရုပ်ရှင်အဖွဲ့ရဲ့ စက်ပစ္စည်းကိုကြည့်ပေးတာ၊ အကူတည်းဖြတ်သူအဖြစ်၊ အဖွဲ့အတွက် တောက်တိုမယ်ရအလုပ်တွေကိုပဲ ကျွန်တော်လုပ်ခဲ့ရတယ်။ ကျွန်တော်အတွက် ကြေကွဲရဆုံးအတွေ့အကြုံက ကျွန်တော်ရဲ့ဇာတ်ညွှန်းတစ်ခုကို ရုပ်ရှင်ကုမ္ပဏီ၃ဝကျော်ကို နှစ်ပတ်အတွင်းတစ်အိမ်ဝင်တစ်အိမ်ထွက် ကျွန်တော်လိုက်ပြခဲ့ပေမယ့် ကုမ္ပဏီတိုင်းက ခေါင်းခါငြင်းပယ်တာကိုပဲ ခံခဲ့ရတယ်။

အဲဒီအချိန်က ကျွန်တော်အသက် ၃ဝ ပြည့်ခါနီးပါပြီ။ ရှေးလူတွေက ပြောကြတယ်… အသက် ၃ဝက ဖြစ်ထွန်းချိန်တဲ့။ ကျွန်တော်ကတော့ ကိုယ့်စားဝတ်နေရေးကိုတောင် အနိုင်နိုင်လုပ်ခဲ့ရတယ်။ ကျွန်တော် ဘာဆက်လုပ်ရမှန်း မသိခဲ့ဘူး။ အခွင့်အရေးကို ဆက်စောင့်မလား၊ ဒါမှမဟုတ် ရုပ်ရှင်အိပ်မက်ကို လက်လွှတ်လိုက်တော့မလား။ ကံကောင်းတာက ဒီလိုအချိန်မျိုးမှာ ကျွန်တော်ဇနီးက ကျွန်တော့်ကို အားပေးတိုက်တွန်းမှုတွေ အများဆုံးပေးသူဖြစ်ခဲ့တယ်။

ဇနီးက ကျွန်တော်နဲ့ကျောင်းတစ်ကျောင်းတည်းမှာ အတူတက်ခဲ့တဲ့ ကျောင်းနေဘက်ပါ။ သူက ဇီဝဗေဒနဲ့ကျောင်းပြီးပြီး ဓာတ်ခွဲခန်းလေးတစ်ခုမှာ ဆေးဝါးသုတေသနပြုသူအဖြစ် အလုပ်လုပ်ခဲ့တယ်။ သူရတဲ့လခက နည်းလွန်းခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့မှာသားတစ်ယောက် ထွန်းကားနေခဲ့ပါပြီ။ အလုပ်လက်မဲ့ဖြစ်နေတဲ့ကျွန်တော်ဟာ ဇနီးအပေါ်အားနာစိတ်နဲ့ နေ့တိုင်းနေအိမ်မှာ စာဖတ်၊ ရုပ်ရှင်ကြည့်၊ ဇာတ်ညွှန်းရေးတဲ့အပြင် တစ်အိမ်လုံးက ရှိသမျှအလုပ်တွေကို သိမ်းကျုံးလုပ်ခဲ့ပါတယ်။ ဈေးသွား၊ ထမင်းချက်၊ ကလေးထိန်း၊ တစ်အိမ်လုံးသန့်ရှင်းရေးတွေ လုပ်ခဲ့တယ်။ မှတ်မိပါသေးတယ်.. အဲဒီတုန်းက ညနေထမင်းဟင်းချက်ပြီးတိုင်း ကျွန်တော်နဲ့သား အိမ်ပေါက်ဝမှာထိုင်ပြီး တစ်ဘက်က သားကိုပုံပြင်ပြောပြရင်း တစ်ဘက်ကလည်း “သားကောင်(ငွေကြေး)ယူပြီး ပြန်လာမယ့် သူရဲကောင်းမုဆိုးမေမေ”ကို ကျွန်တော်တို့စောင့်ခဲ့ပါတယ်။

ဇနီးရဲ့လုပ်စာကို ထိုင်စားနေရတဲ့ယောက်ျားတစ်ယောက်အတွက် ဒါဟာ မိမိကိုယ်ကိုလေးစားစိတ်ကို ထိခိုက်လျော့ပါးစေပါတယ်။ တစ်ခါက ယောက္ခမက ဇနီးကနေတဆင့် ကျွန်တော့်ကို ငွေတချို့ပေးပါတယ်။ ဒီငွေနဲ့ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ပြီး မိသားစုကိုကျွေးမွေးဖို့ဖြစ်တယ်။ ဒါပေမယ့် ကြံ့ခိုင်တဲ့ကျွန်တော့်ဇနီးက ဒီငွေကိုယူဖို့ ငြင်းဆန်ခဲ့တယ်။ ဒီကိစ္စကို ကျွန်တော်သိတော့ ညတော်တော်များများ ကျွန်တော်အိပ်မပျော်ခဲ့ဘူး။ ဒီတစ်သက်တော့ ရုပ်ရှင်ရိုက်မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ကို ကျွန်တော်အကောင်အထည် မဖော်နိုင်တော့မှာ မဟုတ်ဘူး... လက်တွေ့ဘဝကိုပဲ ကျွန်တော်ရင်ဆိုင်လိုက်တော့မယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

နောက်တော့ ကိုယ့်နယ်မြေထဲကတက္ကသိုလ်ကောလိပ်တွေမှာ ကျွန်တော်လှည့်ပတ်ကြည့်ရှုပြီး စိတ်နာနာနဲ့ ကွန်ပြူတာသင်တန်းတက်ဖို့ ကျွန်တော်စာရင်းသွင်းခဲ့တယ်။ ဘဝတစ်ခုလုံး နလန်မထူနိုင်တဲ့အချိန်အခါမှာ ကွန်ပြူတာကပဲ ကျွန်တော်ကို အချိန်တိုတိုအတွင်းမှာ ကျွမ်းကျင်မှုတစ်ခုကို ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ အဲဒီနေ့ရက်တွေမှာ ကျွန်တော်အကြီးအကျယ် စိတ်ဓာတ်ကျနေခဲ့တယ်။ ကျွန်တော်ရဲ့မူမမှန်တဲ့အဖြစ်ကို ဇနီးက ချက်ချင်းသတိထားမိခဲ့တယ်။ ကျွန်တော့်အိတ်ထဲက ကွန်ပြူတာအချိန်ဇယားတွေကို သူတွေ့သွားခဲ့တယ်။ အဲဒီညက ကျွန်တော့်ကို သူစကားတစ်ခွန်းမှ မပြောခဲ့ဘူး။

နောက်တစ်နေ့ သူအလုပ်သွားခါနီး လှေကားထစ်ကနေ ကျွန်တော်ကိုလှည့်ကြည့်ပြီး သူစကားတစ်ခွန်းပြောပါတယ်။

“အန်… ကိုယ့်ရင်ထဲက စိတ်ကူးအိပ်မက်ကို ဘယ်တော့မှ မမေ့ပါနဲ့”

အဲဒီတခဏ ကျွန်တော်ရင်ထဲ ရုတ်တရက် လေတစ်စင်းဖြတ်တိုက်သွားခဲ့တယ်။ သာမညဘဝမှာ နစ်မြှပ်ပျောက်ကွယ်လုဆဲဆဲ ကျွန်တော်စိတ်ကူးအိပ်မက်က အဲဒီနေ့မနက်မှာ ထွန်းတောက်လာတဲ့နေမင်းလိုပဲ ကျွန်တော်ရင်ထဲ လင်းချင်းသွားခဲ့ပြန်တယ်။ ဇနီးကားပေါ်တက်ပြီး ကားမောင်းထွက်သွားချိန် အိတ်ထဲက ကွန်ပြူတာအချိန်ဇယားကို ကျွန်တော်ဖြေးဖြေးချင်းဆွဲဆုတ်ပြီး တံခါးဝကအမှိုက်ပုံးထဲ ပစ်ထည့်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ကျွန်တော့်ဇာတ်ညွှန်းကို ဖောင်ဒေးရှင်းတစ်ခုက ကမကထပြုခဲ့တယ်။ အဲဒီနောက် ကျွန်တော်ကိုယ်တိုင် ရုပ်ရှင်ရိုက်ကူးရေးကင်မရာကို ကိုင်ခဲ့ပါတယ်။ နောက်ပိုင်း… နောက်ပိုင်းတွေမှာ ကျွန်တော်ရုပ်ရှင်တချို့ နိုင်ငံတကာမှာ ဆုတွေရခဲ့တယ်။ ဒီလိုအချိန်မှာ ဇနီးက အတိတ်ဟောင်းကိုပြန်လှန်ပြီး ကျွန်တော့်ကို “လူတစ်ယောက်မှာ သူကောင်းကောင်းတတ်မြောက်တဲ့အတတ်တစ်ခုရှိရင် လုံလောက်ပြီလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ရှင်တတ်မြောက်တဲ့အတတ်က ရုပ်ရှင်ရိုက်ကူးရေးပေါ့။ ကွန်ပြူတာသင်တဲ့လူ၊ ကွန်ပြူတာတတ်တဲ့လူတွေ ဒီလောက်များတာ.. အဲဒီထဲမှာ လီအန်ဆိုတဲ့ ရှင်မပါလည်း ဘာမှမဖြစ်ဘူး။ အော်စကာဆုကို ရှင်ရချင်တယ်ဆိုရင် ရှင့်ရင်ထဲကစိတ်ကူးအိပ်မက်ကို ရှင်လုံးဝ အာမခံချက်ပေးထားရမယ်”လို့ ပြောခဲ့တယ်။

စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဘယ်လောက်ပဲ လမ်းဝေးခဲ့ပါစေ… ဇွဲလုံ့လဝီရိယကြောင့် ဒီအကောင်အထည်က တဖြေးဖြေးနဲ့ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် ဧပြီလမှာ ကျွန်တော်ပထမဆုံးရိုက်ကူးတဲ့ “Pushing Hands”ဆိုတဲ့ရုပ်ရှင်ကား စရိုက်ချိန်မှာ လူတစ်ယောက်က ကျွန်တော်ကိုထိုင်ခုံတစ်ခုလာပေးပြီး “ဒါရိုက်တာ.. ဒီမှာထိုင်ပါ”လို့ ဆိုခဲ့တယ်။ “ဒါရိုက်တာ”လို့ အခေါ်ခံလိုက်ရတဲ့ တခဏ ကျွန်တော်လေထဲမြောက်တက်သွားခဲ့တယ်။ ဒါဟာ ပထမဦးဆုံးအကြိမ် “ဒါရိုက်တာ”လို့ ကျွန်တော်အခေါ်ခံရတာပါပဲ။

ဒီကနေ့မှာ အော်စကာဆုတွေကို ကျွန်တော်အရ ရယူနိုင်ခဲ့ပါပြီ။ ဒါတွေဟာ ကျွန်တော်ရဲ့ဇွဲလုံ့လ၊ ဇနီးရဲ့အားပေးဖေးမတဲ့ ရလဒ်တွေဖြစ်တယ်။ ဒီဆုတွေဟာ ကျွန်တော်ကို ဒီရုပ်ရှင်လမ်းကိုပဲ ဆက်လက်လျှောက်လှမ်းစေတဲ့ ခိုင်မာချက်ကိုပေးခဲ့ပါတယ်။ အကြောင်းက ကျွန်တော်ရင်ထဲမှာ ရုပ်ရှင်နဲ့ပတ်သက်တဲ့စိတ်ကူးအိပ်မက်ပဲ အမြဲရှိနေခဲ့လို့ပါပဲ။


ရေးသားသူ -- လီအန်


လီအန် (၁၉၅၄ခုနှစ် အောက်တိုဘာလ ၂၃ ရက်ဖွား) ထိုင်ဝမ်ရုပ်ရှင်ဒါရိုက်တာ၊

ရရှိတဲ့ဆုများ -- အော်စကာဆု ၃ဆု၊
British Academy Film Awards ၅ဆု၊
Golden Globe Awards ၄ဆု၊
Venice Film Festival က Golden Lion Awards ၂ ဆု၊
Berlin International Film Festival က Golden Bear Awards ၂ ဆု၊

နိုင်းနိုင်းစနေ (မေလ ၄ရက် ၂ဝ၁၃ခုနှစ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။